ကြိုဆိုပါတယ်ခင်ဗျာ

မင်္ဂလာပါ

မင်္ဂလာပါ

မင်္ဂလာပါ

Galaxy S2 (GT-I9100G) ကို CM10 NIGHTLY JB (4.1.2) တင်နည်း

အခုပြောပြပေးမှာကတော့ Samsung Galaxy S2 (GT-I9100G) ကို CM10 NIGHTLY JB (4.1.2) တင်နည်းဖြစ်ပါတယ်။ ကျွန်တော် စမ်းသပ်ထားတာတော့ bug မတွေ့ရသေးပါဘူး။ အားလုံးကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။

၁။ လိုအပ်ချက်များ

- official (or) custom ICS တင်ပြီးသား ဖြစ်ရမယ်။
- သေချာတဲ့ CWM တင်ထားပြီးသားဖြစ်ရမယ်။
- battery အနည်းဆုံး ၈၀ % လောက်ရှိအောင် အားသွင်းထားပါ။
- contact/SMS များကို backup လုပ်ထားပါ။

၂။ Download
    CM10 NIGHTLY ROM
    Google Application

U8818 ကို ကျွန်တော် Modify လုပ်ထားသည့်S3 Style ICS ROM တင်နည်း

အခု ပြောပြမှာကတော့ Huawei U8818 ကို Samsung Galaxy S3 Style ICS custom rom တင်နည်းဖြစ်ပါတယ်။ မူရင်း ROM ဖြစ်တဲ့ 20121008-U8818-S3-V2.1.zip မှာ စိတ်တိုင်းမကျတာတွေ ပါနေတဲ့ အတွက် ကျွန်တော်တို့ မြန်မာပြည်က လူတွေနဲ့ သင့်တော်မည့် ROM တစ်ခု အဖြစ်ကို Modify လုပ်ထားတာပါ။

Features
S3 Touchwiz UI
Zawgyi Font
Default Frozen Keyboard
Original HW File Manager
HW Original Weather
Pop up Super Video Player
Root explorer
ICS locker
S Memo

Root မလုပ်ပဲ Frozen keyboard ကို Factory reset ချတောင် မပျက်အောင် ထည့်နည်း

အခု ပြောပြမှာကတော့ root လုပ်ထားထား မထားထား CWM recovery တင်ထားရုံနဲ့ Frozen keyboard ကို factory reset ချတောင် မပျောက်အောင် ထည့်နည်း ဖြစ်ပါတယ်။ ဒီ zip ဖိုင်လေး လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Android ဖုန်းကို ကျွမ်းကျင်စွာ မသုံးတတ်သေးသည့် User တွေမှာ ဖြစ်လေ့ ဖြစ်ထရှိသည့် Frozen keyboard ကို မှား၍ ဖျက်မိခြင်း ၊ factory reset ချလိုက်၍ keyboard ပျက်သွားခြင်းကြောင့် ဆိုင်ပြန်ပြေးရခြင်း၊ အဲဒီအခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်ပါတယ်။ 

DOWNLOAD


၁။ CWM သွင်းရမည်။

Android ဖုန်းတွေအတွက် CWM ၀င်နည်းကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။


၂။ ကီးဘုတ်ထည့်နည်း


CWM ထည့်ပြီးပြီဆိုရင် တော့ ဖုန်းကို သက်ဆိုင်ရာ ခလုပ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ (အတိအကျမပြောရခြင်းမှာ ဖုန်းအမျိုးအစားပေါ်မူတည်၍ recovery mode ၀င်နည်းမတူခြင်း ကြောင့်ဖြစ်သည်။)
ပြီးလျှင် install zip from sdcard > choose zip from sdcard > FrozenKeyboardByHtayHlaingOo.zip ကို update လုပ်ပါ။
main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာကို ရေးနိုင်တဲ့ Frozen keyboard ကို factory reset ချတောင်မပျောက်ပဲ ဖုန်းထဲမှာရှိနေပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေ.......

Galaxy S2 (GT-I9100) တွင် internal sd 4GB ဖြစ်သွားခြင်းကို မူရင်း 11 GB ဖြစ်အောင် ပြင်နည်း


Samsung Galaxy S2 (GT-I9100) တွင် official ICS (4.0.4) တင်ပြီးသွားသောအခါ ဖုန်းရဲ့ internal sd ကို format ချမိရင် 11GB မှ 4GB သို့ပြောင်းသွားပါသည်။ အဲဒီလိုဖြစ်ခြင်းကို EMMC brick ဖြစ်တယ်လို့ ခေါ်ပါတယ်။ အဲဒါကို ပြန်လည်ပြင်ဆင်ဖို့ အတွက်ကတော့ ဖုန်းရဲ့ storage ကို ပြန်လည် partition ခွဲဖို့ pit ဖိုင်တစ်ခုရယ် official ICS 4.0.3 (XXLPQ) သို့မဟုတ် သူ့ထက်နှိမ့်တဲ့ ICS or GB firmware တစ်ခုလိုပါတယ်။ 

လိုအပ်ချက်များဒေါင်းရန်
PIT FILE
ICS FIRMWARE
ODIN3_ V3.04
SAMSUNG USB DRIVER

Galaxy S2 (GT-I9100) ကို Resurrection Remix JB v3.0.9 တင်နည်း


အခုပြောပြပေးမှာကတော့ Samsung Galaxy S2 (GT-I9100) ကို Resurrection Remix JB v3.0.6 တင်နည်း ဖြစ်ပါတယ်။ Resurrection Remix  ဟာ အမြဲတမ်းပြောင်းလဲနေတဲ့ အတွက် ကျွန်တော်က ဒီနေရာမှာ ROM version မြှင့်တိုင်း ထပ်ပြီး update လုပ်သွားမှာ ဖြစ်ပါတယ်။

Latest version >> Resurrection Remix JB v3.0.9

၁။ လိုအပ်ချက်များ

- official (or) custom ICS တင်ပြီးသား ဖြစ်ရမယ်။
- သေချာတဲ့ CWM တင်ထားပြီးသားဖြစ်ရမယ်။
- battery အနည်းဆုံး ၈၀ % လောက်ရှိအောင် အားသွင်းထားပါ။
- contact/SMS များကို backup လုပ်ထားပါ။

U8825D ရဲ့ power ပိတ်ပြီး အားသွင်းရင် CWM recovery ကိုရောက်ရောက်သွားတဲ့ error ကိုဖြေရှင်းနည်း

Huawei U8825D ကို power ပိတ်ပြီးအားသွင်းရင် CWM recovery သို့ရောက်ရောက်နေတတ်ပါတယ်။ အဲဒါဟာ ပထမတင်ထားတဲ့ English version CWM recovery ရဲ့ error ကြောင့်လို့ ပြောလို့ရပါတယ်။ အဲဒီ error ကို ဖြေရှင်းဖို့ကတော့ power ပိတ်ပြီး အားသွင်းတာကို support လုပ်နိုင်တဲ့ Chinese version CWM recovery အစားထိုးမှာဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ U8825D CWM recovery installer လေးကိုသုံးသွားမှာဖြစ်ပါတယ်။

password >> htayhlaingoo

ဒေါင်းလို့ရလာတဲ့ U8825D_CWM_recovery_installer.rar ဖိုင်ကိုဖြေပါ။ အထဲမှ U8825D_CWM_recovery_installer.exe ကို run လိုက်ပါ။ အောက်မှာပြထားတဲ့ အတိုင်းတွေ့ရပါလိမ့်မယ်။

U8825D ကို official 4.0.4 firmware တင်နည်း

အခုပြောပြပေးမှာကတော့ Huawei U8825D ကို official 4.0.4 , build number B935 တင်နည်း ဖြစ်ပါတယ်။ လိုအပ်သော firmware ကို အောက်က လင့်တွေမှာ ဒေါင်းယူပါ။

Huawei offiical site
ယခုနောက်ပိုင်းတွင် မြန်မာပြည်မှ Huawei official site တွင် download ယူရန် ခက်ခဲလှပါတယ်။ အဲဒါကြောင့် ကျွန်တော်က Mediafire လင့်ဖြင့် ၄ ပိုင်းခွဲပြီး folder တစ်ခုတည်းမှာ တင်ပေးထားပါတယ်။ အထဲမှာပါသော HJSplit ကို သုံး၍ ထိုဖိုင်များကိုပေါင်းပါ။

DOWNLOAD

Huawei ဖုန်းအားလုံးတွင် Google Application သွင်းနည်း

အခုပြောပြပေးမှာကတော့ Huawei ဖုန်းများတွင် Google Application ထည့်သွင်းနည်းဖြစ်ပါတယ်။ Huawei ဖုန်းများတွင် CWM recovery သွင်းပြီးသွားလျှင် google application ကို ထည့်လို့ရပါပြီ။ CWM recovery ဟာ English version လည်းဖြစ်နိုင်သလို Chinese version လည်းဖြစ်နိုင်ပါတယ်။ အဲဒီ အတွက် ၂ မျိုးလုံးကို ရှင်းပြပေးထားပါတယ်။ ကိုယ့်ဖုန်းရဲ့ Android version ပေါ်လိုက်ပြီး Google Application ကို တင်ရမှာဖြစ်ပါတယ်။

android version 2.3.6 ရဲ့ အောက်ပိုင်းဖြစ်လျှင် ဒီgapps ကို ဒေါင်းပါ။
android version 2.3.6 မှ 4.0.4 အထိ ဒီgapps ကိုဒေါင်းပါ။
android version 4.1.1 အတွက် ဒီgapps ကိုဒေါင်းပါ။

U8812D ကို root မလုပ်ပဲမြန်မာဖောင့်ထည့်နည်းနှင့် root လုပ်နည်း

အခုပြောပြပေးမှာကတော့ Huawei U8812D ကို root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း နှင့် root လုပ်နည်း ဖြစ်ပါတယ်။ root မလုပ်ပဲ CWM recovery ကို သွင်းပြီးတော့ HWMMfont.zip နဲ့ CWM ကနေ update လုပ်လိုက်ရင် မြန်မာဖောင့်အတွက် အဆင်ပြေပါပြီ။

လိုအပ်သောဖိုင်ကိုဒေါင်းပါ >> DOWNLOAD
password >>htayhlaingoo

- download လုပ် ၍ ရလာသော u8812D_root_by_HtayHlaingOO.rar ကိုဖြေလိုက်ပါ။ အထဲတွင် အောက်မှာ ပြထားတဲ့ ပုံအတိုင်း တွေ့ရပါလိမ့်မယ်။